ဈေးကွက်ဈေးနှုန်း

MarketNext ဆွေးနွေးပွဲကျင်းပခြင်း

Last Updated:

Winrock International မှ USAid ၏ ပံ့ပိုးကူညီမှုဖြင့် VCRD(Value Chains For Rural Development) စီမံကိန်း ပိတ်ပွဲအခမ်းအနားနှင့် အတူ MarketNext နှင့် MarketPlace နှင့် Market Talk event များကို ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ၈ ရက်နေ့တွင် နံနက် (၈:၃၀)မှ ညနေ (၁၆:၀၀) နာရီအထိရန်ကုန်မြို့ရှိ Lotte Hotel ကျင်းပခဲ့ပြု လုပ်ခဲ့သည်။ MarketNext eventတွင် VCRD စီမံကိန်းမှ ၅ နှစ်တာအတွင်း ဆောင်ရွက်နိုင်ခဲ့သည့် အစီအစဉ် များကို ပြန်လည် ဆွေးနွေးခဲ့ပြီး အနာဂတ်တွင် လယ်ယာထွက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရန်လိုအပ်မည့်အစီအစဉ်များကိုဆွေးနွေးပြောကြားခဲ့ပါ သည်။

ဆွေးနွေးပွဲတွင် အမေရိကန်သံအမတ်ကြီးနှင့် Winrock International ၏ Chief of party Mr. Nimish တို့က စီမံကိန်းကို ကူညီပံ့ပိုးပေးရသည့် ရည်ရွယ်ချက် စီမံကိန်းမှရရှိသည့် အကျိုးကျေး ဇူးများ၊ ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည့် အချက်များကို တက်ရောက်လာ သူများ၏ မေးမြန်းဆွေးနွေးမှုများအပါအဝင်ပြည့်စုံစွာရှင်းလင်းဆွေးနွေးခဲ့ကြသည်။ဆက်လက်၍ ထုတ်ကုန် များစျေးကွက်ဝင်ရောက်နိုင်ရေးအတွက်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ၊ သရုပ် ပြသမှုများဖြင့်လည်းကောင်း၊ Online Mobile Application စနစ်အသုံးပြု၍ ဉာဏ်စမ်း မေးခွန်းများဖြေကြားခြင်းကိုလည်းကောင်း၊ စီမံကိန်းတွင်ပါဝင်သော ဂျင်း၊ဖရဲ၊သခွား၊ ကော်ဖီ၊ ပဲပုပ်၊ နှမ်းစသည်တို့အပါအဝင် စျေးကွက်ဝင်သီးနှံအမယ်များပါဝင်ပြသသည့် Market Place အစီ အစဉ်ကိုလည်းကောင်း စျေးကွက်ဝင်သီးနှံများတင်ပို့နိုင်ရေးနှင့် ငွေကြေးထောက်ပံ့မှုရရှိရေး ဆိုင်ရာများရှင်းလင်းပြောကြားသည့် Market Talk အစီအစဉ်တို့ကိုလည်းကောင်း ကျင်းပပြု လုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ ၊ Winrock International နှင့် USAid မှတာဝန်ရှိသူများအသင်းအဖွဲ့များ၊ သက်ဆိုင်ရာကုမ္ပဏီများမှတာဝန်ရှိသူ များစုစုပေါင်း (၂၁၀)ဦးတက်ရောက်ခဲ့ပါသည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေနှင့် Winrock International နှင့်စီမံကိန်းဝင်သီးနှံများ Value Chain တစ်လျှောက်တိုးတက်ရေးဆိုင်ရာ သင် တန်း၊ ဆွေးနွေးပွဲများနှင့် ဖရဲသခွားပို့ကုန်မဟာဗျူဟာရေးဆွဲရေးတို့ ဆောင်ရွက်ပေးနိုင်ရေး၊ LOI ကိုရေးထိုးထားရှိပြီးအောက်တိုဘာ ၈ ရက်နေ့ ဆွေးနွေးပွဲတွင်လည်း Market Talk အစီအစဉ် ပါဝင်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

 

NES Unit